မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၌တည်ရှိပြီး ဆည်ရေသောက် အသင့်အတင့်ရှိ၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ (မိုး) သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ထောပတ်ပဲ (မိုး) ကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင် ဘာလမှစ၍ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၌ မြင်းခြံမြို့နယ်၌ ထောပတ်ပဲ (မိုး) သီးနှံ စိုက်ဧက (၁၅၁)တွင် ဧကအားလုံး စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင်(၁၀) တင်းခန့် ထွက်ရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ သဲဖြူဝ၊ ဖိုးတုတ်ဖြူ၊ အနိမ့်ရွာ၊ ဂေါင်းကွဲရွာနှင့် ပတ္တာကျေးရွာ တို့တွင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့် ကြာမြင့်ကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီးမျိုးစေ့ပက်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၅) ပြည်ခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပက်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ထွက်ပေါ်ချိန်တွင် ထောပတ်ပဲတစ်တင်းလျှင် (၈၅၀၀၀) ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ထောပတ်ပဲ သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ မတ်လ၌ ထောပတ်ပဲတစ်တင်းလျှင် (၉၀၀၀၀-၁၀၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း ဈေးကွက်၌ ဝယ်လိုအားကောင်းပြီး စိုက်ပျိုးစရိတ်သက်သာ၍ တောင်သူများအကျိုးအမြတ်ရရှိကြောင်းကျေးရွာရှိထောပတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: https://www.doca.gov.mm
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၏ထောပတ်ပဲ(မိုး)စိုက်ပျိုးထားရှိမှု၊ တစ်ဧကကုန်ကျစရိတ်အကျိုးအမြတ်ရရှိမှုနှင့်ဈေးနှုန်း
Category:
Local News